ကုန်စည်ဒိုင်သတင်းအချက်အလက်များကို အွန်လိုင်းမှတစ်ဆင့် အခမဲ့ရယူနိုင်ပြီ

March 16th, 2011 (Internet Journal)

Myanmar Exchange အမည်ဖြင့်ဒေါ်လာဈေး၊ FEC ဈေး၊ အခြားငွေလဲလှယ်မှုနှန်းထားသတင်းအချက်အလက်များကို အွန်လိုင်းမှ တစ်ဆင့်ဝန်ဆောင်မှုပေးခဲ့သည် Soft-gate Technology က ယခုအခါ ဝန်ဆောင်မှုအသစ်ဖြစ်ကုန်စည်ဒိုင်များရှိ ကုန်စည်သတင်းအချက်အလက်များကိုလည်း အွန်လိုင်းမှတစ်ဆင့်အခမဲ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းအချက်အလက်ဝန်ဆောင်မှုပေးမည့်ကုန်စည်များမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲတီရွှေဝါ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဖြူလုံးကြီး၊ နှမ်းဖြူ၊ သိပ္ပံနှမ်း၊ ပြောင်း၊ ရော်ဘာ၊ ဆန်ဈေး၊ ပဲဆီ၊ နှမ်းဆီ၊ စားအုံးဆီအစရှိသည်တို့ဖြစ်ပြီး ဈေးနှုန်းပြောင်းလဲမှုများကို တစ်နေ့လျှင် နှစ်ကြိမ် ပြောင်းလဲဖော်ပြမည်ဖြစ်ပါသည်။

အဆိုပါကုန်စည်ဒိုင်သတင်းအချက်အလက်များကို ဘုရင့်နောင်ကုန်စည်ဒိုင်၊ မန္တလေးကုန်စည်ဒိုင်၊ မကွေးကုန်စည်ဒိုင်၊ မုံရွာကုန်စည်ဒိုင်၊ အောင်လံကုန်စည်ဒိုင်၊ ဟင်္သာံတကုန်စည်ဒိုင်၊ ပြည်ကုန်စည်ဒိုင် တို့မှ အချက်အလက်ရယူထားခြင်းဖြစ်သည်။

အဆိုပါအချက်အလက်များကို ရယူလိုပါက G-talk, Yahoo Messager, Aim Messager, WindowsLive Messager, Facebook Chating များတွင် Myanmarexchange အမည်ရှိ အကောင့်ကို invite ပြုလပ်ထားရုံဖြင့်အလွယ်တကူရယူနိုင်မည်ဖြစ်သည်။

အင်တာနက်၊ တယ်လီဖုန်း၊ ဖက်(စ်) သုံးနိုင်သည့် McWill စနစ် MDS ကုမ္ပဏီမှ ဝန်ဆောင်မှုစတင်

March 18th, 2011

McWill စနစ်သည် Frequency 410-430 MHz ပေါ်တွင် 3.5G နည်းပညာသုံးထားပြီး Fixed နှင့် Mobile User များအတွက်မြန်နှုန်းမြင့်အင်တာနက်နှင့် တယ်လီဖုန်းစနစ်ကိုအသုံးပြုထားသောနည်းပညာမြင့်စနစ်တစ်ခုဖြစ်သည်။ တယ်လီဖုန်းသည် MPT မှ ဝန်ဆောင်မှုပေးသည့် VoIP ဖုန်းဖြစ်သည်။ CS-OFDMA (Code Spreading Orthogonal Frequency Division Multiple Access) နည်းပညာ အားသာချက်ဖြင့်Data များပို့လွှတ်လက်ခံခြင်းတွင် အခြားသောနည်းပညာများထက်သာလွန်ကောင်းမွန်သည်။ McWill စနစ်ကိုနိုင်ငံပေါင်း (၂၁) နိုင်ငံတွင်လက်ရှိအသုံးပြုနေကြပြီး မြန်မာနိုင်ငံ၏ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ တောင်ငူ၊ တာချီလိတ်၊ မကွေါ်(စေတုတ္တရာ)၊ နန်တော၊ ခန္တီး၊ ဟုမ္မလင်း၊ ပင်လည်ဘူး၊ ကလေးဝ၊ ဗန်းမောက်၊ မင်းကင်း၊ ကနီ၊ မြစ်ကြီးနား၊ မုံရွာ၊ ဖောင်းပြင်၊ ငဖဲမြို့များတွင် လက်ရှိအသုံးပြုနေသည်။ ပြည်၊ မိတ္တီလာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြိတ်၊ လားရှိုး၊ မော်လမြိုင်၊ ရွှေဘို၊ ပုပ္ပားတောင် စသည့်မြို့များတွင် မကြာမီ အသုံးပြုနိုင်မည်ဖြစ်သည်။

Triple Play Service ဖြစ်သော Voice, Data, Video ကိုအသုံးပြုနိုင်ခြင်းဖြင့် eGovernment, Remote Education, Telemedicine, Emergency Handling, e Payment, Mobile Police, Video, Surveillance, Military Applications တို့တွင် အသုံးပြုနိုင်သည်။

SIM Card မပါဘဲ User ID နှင့် Password ဖြင့်သာ သုံးစွဲရသဖြင့် ဖုန်းပွားခြင်းမှ စိုးရိမ်စရာမလိုကြောင်း၊ Laptop, PC တို့တွင်ချိတ်ဆက်သုံးနိုင်သည့်အပြင် အင်တာနက်အသုံးပြုနိုင်သည့် McWill စနစ်အသုံးပြုနိုင်သည့်ဟန်းဆက်များတွင်ပါ တိုက်ရိုက်အသုံးပြုနိုင်ကြောင်း သိရသည်။

ကနဦးတပ်ဆင်ခ ငွေကျပ် ၅၀ဝ၀ဝ၀ (Internet + Voice အသုံးပြုခ ငွေကျပ် ၅၀ဝ၀ဝ အပါအဝင်) နှင့် နှစ်စဉ်ကြေး ငွေကျပ် ၆၀ဝ၀ဝ ပေးသွင်းရမည်။ တစ်မိနစ်အသုံးပြုခမှာ အမြန်နှုန်း 128Kbps အတွက် ငွေ၂ ကျပ်၊ 256Kbps အတွက် ငွေ ၃ ကျပ်၊ 512Kbps အတွက် ငွေ ၆ ကျပ် နှင့် 1Megabit အတွက် ငွေ ၈ ကျပ် ဖြင့် မိမိနှစ်သက်ရာ Data Plan ကို အသုံးပြုနိုင်သည်။ ငွေကျပ် ၁၀ဝ၀ဝ ထပ်မံပေးသွင်းပါက ဖက်(စ်)လိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။

SMS တစ်စောင်အတွက် ငွေ ၂၅ ကျပ် နှင့် VoIP ဖန်းအသုံးပြုခမှာ ပြည်တွင်း မည်သည့်နေရာကိုမဆို တစ်မိနစ်ငွေကျပ် ၅၀ ဖြစ်ပြီး ငွေကျပ် ၁၀ဝ၀ဝ၊ ငွေကျပ် ၃၀ဝ၀ဝ၊ FEC 20? FEC 50 Top Up Card များကိုဝယ်ယူပြီး ငွေဖြည့်နိုင်သည်။

McWill ကို ရတနာပုံတယ်လီပေါ့၏ တရားဝင်အသိအမှတ်ပြု Local Service Provider ဖြစ်သော MDS Co., Ltd ၏ One Stop Service Center များတွင်လျှောက်ထားပါက ငွေသွင်းပြီး ၂၄နာရီ အတွင်း တပ်ဆင်ပေးရန် စီစဉ်ထားပြီး ရန်ကုန်မြို့ တိုက် (စီ) အခန်း (ဝ၁၂) လမ်းသွယ် (၂) Highway Complex နာနတ်တောလမ်း ကမာရွတ်မြို့နယ် ဖုန်း ဝ၁-၅၂၂၅၂၃၊ ဝ၁၀-၃၀ဝ၀၅၂၄၊ မန္တလေးမြို့ တိုက် (၅) (၂၆)လမ်း (၇၈x79) ချမ်းအေးသာစံမြို့နယ် ဖုန်း ဝ၂-၂၁၅၁၇၊ မုံရွာမြို့ အမှတ်(၅၀၇၁၅) ဗိုလ်ချုပ်အောင်ဆန်းလမ်း အောင်မင်္ဂံလာရပ်ကွက် ဖုန်း ဝ၇၁-၂၁၇၇၂ တို့ကို ဆက်သွယ်နိုင်ကြောင်းသိရှိရသည်။

အင်တာနက်အီးမေးလ်မှ GSM ဖုန်းများသို့ စာတို SMS အီးမေးပို့နိုင်ပြီ

July 21st, 2011 (ပြည်မြန်မာ ဂျာနယ်)

အင်တာနက်အသုံးပြုသူများအတွက် G-mail (ဂျီမေးလ်)မှ GSM ဖုန်းများသို့ အီးမေးလ်ပို့နိုင်သည့် ဝက်ဘ်ဆိုက်တစ်ခု လွှင့်တင်ထားပြီးဖြစ်ကာ ပြည်တွင်းသာမက နိုင်ငံခြားအထိပါ ပို့နိုင်ပြီဖြစ်ကြောင်း ၁၂-၇-၂၀၁၁ ရက် က သိရသည်။

အီးမေးလ်ဆက်သွယ်မှုသည် အင်တာနက်အသုံးပြုသူပြည်တွင်းလူငယ်များအကြားခေတ်စားနေမှုနှင့်အတူ G-mail နှင့် office mail များမှ GSM ဖုန်းများဆီသို့ SMS စာတိုပို့ စနစ်ဖြင့် မေးလ်မက်ဆေ့ချ်ပို့နိုင်ပြီဖြစ်ကာ GSM မှလည်း အပြန်အလှန်ပြန်ပို့ပေးနိုင်ကြောင်းသိရသည်။ ထို့အပြင်အင်တာနက် Access အသုံးပြုစရာမလိုဘဲ Mail Filter ပြင်လုပ်ပြီး မိုဘိုင်းဖုန်းများမှ မေးလ်များကို စစ်ဆေးနိုင်မည်။ Email Alert စနစ်ကိုပါပူးတွဲအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအီးမေးလ်မှ GSM သို့စာပို့စနစ် အဆိုပြုနိုင်ရန်အတွက် email2sms@.com တွင် အဖွဲ့ဝင်ပြုလုပ်ထားရမည်ဖြစ်ကာ email မှ To နေရာတွင် email2sms@.com ရိုက်ထည့်ပြီး subject နေရာတွင် မိမိပို့မည့် GSM ဖုန်းနံပါတ်ကို ရိုက်ထည့်ရမည်ဖြစ်ကြောင်းသိရသည်။ ၄င်းနောက် မက်ဆေ့ချ်နောက်တွင် စာရိုက်ထည့်ပြီး ပေးပို့နိုင်မည်ဖြစ်ကာ တစ်ကြိမ်လျှင် စာလုံးရေ ၁၆၀သာ လက်ခံသည်ဟု သိရပြီး နောက်ထပ်တိုးလိုပါက နောက်တိုးမက်ဆေ့ချ် ၂၊ ၃၊.... စသည်ဖြင့် သတ်မှတ်သွားကြောင်းသိရသည်။ ပြည်ပသို့ ပို့လိုသူများ အနေဖြင့်လည်း ဖုန်းနံပါတ်ရှေ့တွင် (+) အပေါင်းလက္ခဏာထည့်ပေးရပြီး ပို့လိုသော ဖုန်းနံပါတ်များပါက ကော်မာ (comma) ခံပေးရကြောင်းသိရသည်။ Gmail ကနေ GSM စာတိုပို့စနစ်အတွက် ဝက်ဘ်ဆိုက်ကို အရင်ဝင်ပြီးလေ့လာသင့်ပါတယ် ဟု eTrade မှ တာဝန်ရှိသူတစ်ဦးက ပြောပြီး GSM မှ G-mail သို့ ပို့လိုသူများအနေဖြင့်လည်း member ဝင်ရမည်ဖြစ်သလို ဖုန်း၏ menu option, create message, text message စသည်ဖြင့် အဆင့်ဆင့်ရွေးချယ်ကာ Message box တွင် + (yinkh-aing)@gmail.com happy birthday ဟု ရိုက်ထည့်ကာပေးပို့နိုင်ကြောင်းသိရသည်။

ပြေတီဦးပညာရေးဖောင်ဒေးရှင်းဝက်ဘ်ဆိုက် အင်တာနက်ပေါ်သို့စတင်လွှင့်တင်

July 23rd, 2011 (ပြည်မြန်မာ ဂျာနယ်)

ပြေတီဦးဖောင်ဒေးရှင်းဝက်ဘ်ဆိုက်ကိုအင်တာနက်ပေါ်သို့စတင်လွှင့်တင်ခြင်းအခမ်းအနားကို ၃-၈-၂-၁၁ ရက်က ရန်ကုန်မြို့ Traders Hotel တွင်ကျင်းပရာ အဆိုပါ ဝက်ဘ်ဆိုက်ဖြစ်သော www.pyaytioi-ofoundation.org ကို eTrade Myanmar ကုမ္ပဏီက ရေးဆွဲလှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက အဖွင့်အမှာစကားပြောကြားပြီး eTrade Myanmar ကုမ္ပဏီမှ လက်ထောက်မန်နေဂျာ မမေသော်တာဦးက ဝက်ဘ်ဆိုက်ရေးဆွဲလှူဒါန်းရခြင်းအကြောင်းကိုရှင်းလင်းပြောကြားသည်။ ထို့နောက်ဖောင်ဒေးရှင်းကော်မတီဝင် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဝက်ဘ်ဆိုက်စတင်ဖြစ်ပေါ်ပုံနှင့် သရုပ်ဆောင်ပြေတီဦးက ကျေးဇူးတင်စကားပြောကြားကြောင်းသိရသည်။

ပြေတီဦးဖောင်ဒေးရှင်း ဝက်ဘ်ဆိုက် စတင်ဖွင့်လှစ်တင်

August 3rd, 2011 (Myanmar Newsweek Journal)

၀က်ဘ်ဆိုက် စတင်ဖွင့်လှစ်ခြင်းအခမ်းအနား၊အလှူငွေပေးအပ်ခြင်းအခမ်းအနားကို Traders Hotel တွင် ၂၀၁၁ ခုနှစ် သြဂုတ် ၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ပထမဆုံးအဖွင့်စကားပြောကြားသူကတော့ မြန်မာ့ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးမြင့်သိန်းဖေဖြစ်ပါတယ်။ အဖွင့်စကားပြောကြားရာမှာ ပြေတီဦးဖောင်ဒေးရှင်းမှပြုလုပ်သောစတုတ္ထအကြိမ်မြောက်ပွဲဖြစ်ပေမဲ့ပထမဆုံးတက်ရောက်ဖြစ်သောပွဲဖြစ်ကြောင်းနှင့်ဖောင်ဒေးရှင်းတစ်ခုတည်ဆောက်နိုင်ဖို့ပံ့ပိုးပေးသူ စိန်ဌေးရုပ်ရှင်မှ ဦးဝင်းကြည်အားလည်းကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ပြေတီဦးဖောင်ဒေးရှင်းဝက်ဘ်ဆိုက်ကိုဆွဲပေးတဲ့ eTrade Co., Ltd. မှ Assistant General Manager ဒေါ်မေသော်စိုးမှလည်း eTrade လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး eTrade မှ ပရဟိတလုပ်ငန်း ဝက်ဘ်ဆိုက်များကို အလှူဒါနအဖြစ်အခမဲ့ရေးဆွဲလှူဒါန်းမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ဒိအခမ်းအနားကို အစီအစဉ် ၉ ခုနှင့်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပြေတီဦး၏ ချစ်ဇနီး အိန္ဒြာကျော်ဇင်လည်းတက်ရောက်ခဲ့ပါတယ်။ ပြေတီဦးမှလည်းကျေးဇူးတင် စကားပြောကြားခဲ့ပါတယ်။

ပြေတီဦးပညာရေးဖောင်ဒေးရှင်းဝက်ဘ်ဆိုက် အင်တာနက်ပေါ်သို့စတင်လွှင့်တင်

August 12nd, 2011 (Myanmar Newsweek Journal)

eTrade Myanmar Co., Ltd. မှ ရေးဆွဲလှူဒါန်းသော ပြေတီဦးဖောင်ဒေးရှင်းဝက်ဘ်ဆိုက် www.pyitioofoundation.org အင်တာနက်ပေါ်သို့စတင်လွှင့်တင်ခြင်းအခမ်းအနားကို ၃-၈-၂-၁၁ရက်နေ့၊ နံနက် ၉ နာရီတွင် Trader Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက အဖွင့်အမှာစကားပြောကြားပြီး eTrade Myanmar ကုမ္ပဏီမှ လက်ထောက်မန်နေဂျာ မမေသော်တာဦးက ၄င်းဝက်ဘ်ဆိုက်နှင့်ပတ်သက်သည်းအကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)မှလည်း ပြောကြားပေးခဲ့သည်။

ထို့ပြင် ယင်းဖောင်ဒေးရှင်းအတွက် အနုပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ အလှူငွေများကို ပေးအပ်လှူဒါန်းကာ သရုပ်ဆောင်ပြေတီဦးမှလည်း ကျေးဇူးတင်အမှတ်တရစကားများပြန်လည်ပြောကြားပေးခဲ့သည်။ ၄င်းအခမ်းအနားသို့ ဖိတ်ကြားထားသောဧည့်သည်တော်များအနုပညာရှင်များစာနယ်ဇင်းများမှပုဂိုလ်များတက်ရောက်ခဲ့ကြပါသည်။

ရွှေဈေး၊ နိုင်ငံတကာငွေကြေးလဲလှယ်နှုန်း၊ စီးပွားရေးသတင်းနှင့် ကုန်စည်ဈေးနှုန်းများကို ဖုန်းတွင် အလွယ်တကူကြည့်ရှုနိုင်

September 7th, 2011 (ပြည်မြန်မာ)

ဟန်းဖုန်းအသုံးပြုသူများ eeeTm SMS Member Card အအအသုံးပြုခြင်းဖြင့် ရွှေဈေး၊ နိုင်ငံတကာ ငွေကြေးလဲလှယ်နှုန်း၊ စီးပွားရေးသင်း SMS နှင့်အခြားသော ကုန်သည်ဈေးနှုန်းများ၏ ပြောင်းလဲနေမှုများကို အလွယ်တကူကြည့်ရှုနိုင်ပြီဖြစ်ကြောင်း ၆-၇-၂၀၁၁ ရက်ကသိရသည်။ အဆိုပါ eTmSMS ကို GSM, CDMA,450, CDMA 800 ဟန်းဖုန်းများတွင် အသုံးပြုနိုင်ကြောင်းသိရသည်။

အစ်မတို့ ကုမ္ပဏီအနေနဲ့ ၂၀ဝ၃ ခုနှစ် ဒပြီလကတည်းက etrademyanmar.com ဆိုပြီး နေ့စဉ်ပြောင်းလဲနေတဲ့ ရွှေဈေး၊ ကမ္ဘာ့ငွေကြေးလဲလှယ်နှုန်းတွေ၊ အခြားသာ ကုန်စည်ဈေးနှုန်းတွေကို Graphic ပုံစံတွေ၊ ဇယားတွေ၊ စာတွေနဲ့ အသေးစိတ်သုံးသပ်တင်ပြထားတာတွေကို ပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာ အချိန်ကုန်ကျမှုလည်းသက်သာအောင် အခုလို eTm SMS သတင်းတိုပို့စနစ်ကို ဖန်တီးလိုက်တာပါ။ ဒါမှ ကိုယ့်မှာ ဟန်းဖုန်းရှိတာနဲ့ ဒီနေ့ ရွှေဈေးဘယ်လောက်လဲ၊ ကမ္ဘာ့ငွေလဲလှယ်နှုန်းက ဘယ်လောက်လဲ ဆိုတာကို အချိန်တိုတိုအတွင်းမှာ သိနိုင်တာပေါ့ ဟု eTrade Myanmar Co., Ltd. မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ eTm SMS ကတ်ကို တစ်ကတ်လျှင်ကျပ် ၁၅၀ဝ၀ ဖြင့် အမြို့မြို့အနယ်နယ်ရှိ ဟန်းဆက် အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်းသိရသည်။ အဆိုပါကတ်ကို နေ့စဉ်ပြောင်းလဲနေသော ဈေးနှုန်းများအား နေ့စဉ်ပို့ပေးသည့်စနစ်ပုံစုံသုံးစွဲလျှင် တစ်ကတ်ကို နှစ်လ သုံးစွဲနိုင်ပြီး မိမိလိုချင်သည့်အချိန်တွင်သာပြောင်းလဲနေသော ဈေးနှုန်းကိုသိချင်သည့်စနစ်ပုံစံကို သုံးစွဲလျှင် တစ်ကတ်ကို ခြောက်လသုံးစွဲနိုင်ကြောင်းသိရသည်။ ရွှေနှင့် နိုင်ငံတက ငွေကြေးလဲလှယ်နှုန်းများကို အချိန်နှင့်အမျှသိလိုသူများအနေဖြင့်နေ့စဉ်ဈေးနှုန်းများကို တစ်နေ့လျှင် နှစ်ကြိမ်နေ့လယ် ၁၂နာရီခွဲနင့်ညနေ ၃နာရီခွဲ တို့တွင်ရရှိမည်ဖြစ်ကြောင်း သိရသည်။ eTm SMS စနစ်ကို အသုံးပြုခြင်းဖြင့် တိကျသော သတင်းအချက်အလက်များကိုရရှိမည်ဖြစ်ကြောင်းသိရသည်။ eTm SMS ကတ်ကို ဇူလိုင်တစ်လလုံးတွင် ဝယ်ယူသုံးစွဲသူများကို ၁၀ရာခိုင်နှုန်းလျော့ပြီးအမြို့မြို့အနယ်နယ်ရှိဆိုင်များတွင် ဝယ်ယူနိုင်ကြောင်းသိရသည်။ အဆိုပါကတ်သုံးစွဲပုံများကိုလည်းကတ်နောက်ကျောတွင် ရှင်းလင်းဖော်ပြထားကြောင်းသိရသည်။

မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားကောင်းများ၊ ကိုရီးယားဇာတ်လမ်းတွဲများကို စိတ်ကြိုက်ရွေးချယ်ကြည့်ရှုနိုင်မည့် Shwe Stream Movie Application စတင် မိတ်ဆက်

May 31st, 2019 (Yangon,Myanmar)

မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားကောင်းများ၊ ကိုရီးယားဇာတ်လမ်းတွဲများကို စိတ်ကြိုက်ရွေးချယ်ကာ ကြည့်ရှုခံစားနိုင်မည့် Shwe Stream ဝန်ဆောင်မှုကို ၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်မှ စတင်ကာ မိတ်ဆက် ပေးလိုက်ပြီ ဖြစ်ပါသည်။ ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် Shwe Stream ဝန်ဆောင်မှုကို အသုံးပြုရန် Shwe Stream Movie Application ကို ဒေါင်းလုပ်လုပ်၍သော်လည်းကောင်း၊ www.shwestream.com.mm မှ တစ်ဆင့်သော်လည်းကောင်း ဝင်ရောက်ကာ မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားကောင်းများ၊ ကိုရီးယားဇာတ် လမ်းတွဲများကို စိတ်ကြိုက် ရွေးချယ်ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ MPT ဖုန်းနံပါတ်ဖြင့် 8202 သို့ ON ဟု SMS ပေးပို့ပြီး Shwe Stream ဝန်ဆောင်မှုကို ရယူကာ အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်သည့် Smartphone၊ Tablet နှင့် Laptop များပေါ်တွင် ရုပ်ရှင်ဇာတ်ကားများကို အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ ကြည့်ရှု နိုင်မည် ဖြစ်ပါသည်။

ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားကောင်းများကို တစ်နေရာတည်းမှာ စုစည်းပေးထားခြင်း ဖြစ်သည့်အတွက် မည်သည့်နေရာပဲရောက်ရောက် လက်ထဲတွင် Smartphone တစ်လုံးရှိနေရုံဖြင့် ကိုယ့်ရဲ့ အားလပ်ချိန်တိုင်းမှာ ရုပ်ရှင်ကားကောင်းများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ပါသည်။ Shwe Stream ဝန်ဆောင်မှုကို နေ့စဉ်ကြေး ၉၉ ကျပ်ပေးဆောင်ရုံနဲ့ ရုပ်ရှင်၊ ဗီဒီယိုနှင့် ဇာတ်လမ်းတွဲပေါင်းများစွာကို စိတ်တိုင်းကျ ရွေးချယ်ကြည့်ရှုနိုင်မှာဖြစ်ပြီး PPV ကားကြီးများ ကြည့်ရှုလိုသူပရိသတ်များအတွက်လည်း ရုပ်ရှင်ကားကောင်းများကို ပံ့ပိုးတင်ဆက်ပေးထားပါသည်။

Shwe Stream Platform ပေါ်တွင် အသစ် အသစ်သော MTV များ၊ ရုပ်ရှင်များ၊ ဇာတ်လမ်းတိုများ၊ ဗီဒီယိုဇာတ်ကားများနှင့် ဇာတ်လမ်းတွဲများကို ဝန်ဆောင်ခ ပေးချေ၍ ငှားရမ်းကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ပြောင်းလဲလာသော ဒီဂျစ်တယ်ခေတ်ကြီးထဲတွင် ရုပ်ရှင်နှင့်အနုပညာဆိုင်ရာ Platform အသစ်တစ်ခု ဖြစ်ပေါ်လာစေဖို့ ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်သူများ၊ ဒါရိုက်တာများ၊ တက်သစ်စ လူငယ်အနုပညာရှင်များ၊ မိမိတို့၏အနုပညာဖန်တီးမှုများကို အများပြည်သူထံ တင်ဆက်ပြသလိုသူများအနေဖြင့် မိမိတို့ဖန်တီးရိုက်ကူး ထားသည့် MTV၊ ရုပ်ရှင်၊ ဇာတ်လမ်းတို၊ ဗီဒီယို၊ ဇာတ်လမ်းတွဲများနှင့် Documentary များကို Shwe Stream Platform မှတစ်ဆင့် အနယ်နယ်အရပ်ရပ်ရှိ ရုပ်ရှင်ချစ်ပရိသတ်များထံ အလွယ်တကူ ဖြန့်ချိပြသနိုင်ပြီ ဖြစ်ပါသည်။

ShweStream Movie App 01
ShweStream Movie App 02
ShweStream Movie App 03
ShweStream Movie App 04