The Official Website of eTrade Myanmar Co., Ltd.
Our Services
New Services
Our Web Portals
Our Major Client
Our Activities
Press Media
Job Vacancy
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အယ်လ်အီးဒီကြော်ငြာဘုတ်ပါ ကြော်ငြာ စာသားများကို ပြင်ဆင်ချင်လျှင် ယခင်က လူကိုယ်တိုင်တက်၍ ပြင်ရသော်လည်း ယခုအခါ မိမိတို့၏ လက်ကိုင်ဖုန်းမှတစ်ဆင့် ခလုတ်နှိပ် ပြောင်းလဲနိုင်ပြီဖြစ်သည်။ ထိုသို့ ပြောင်းလဲရန် ဆော့ဖ်ဝဲတစ်ခုနှင့် အခြားပစ္စည်းအချို့ကို မိမိတို့၏ လက်ကိုင်ဖုန်းတွင် တပ်ဆင်ရမည် ဖြစ်ပြီး ၄င်းတို့ကို ဇွန်လဆန်းကတည်းက စတင်ရောင်းချပေးနေကြောင်းကို eTrade Myanmar ကုမ္ပဏီလီမိတက်၏ တာဝန်ရှိသူ ဦးထွန်းထွန်းနိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။ အဆိုပါ ဆော့ဖ်ဝဲဖြင့် စာတိုပို့စနစ်ကို အသုံးပြု၍ အယ်လ်အီးဒီ ကြော်ငြာဘုတ်ကြီးများတွင် မိုးလေ၀သ သတင်းများ၊ ကြော်ငြာစားသားများနှင့် အခြားစာသားများကို ပြောင်းလဲရေးထိုးနိုင်မည်ဖြစ်ပြီး ဈေးနှုန်းမှာမူ အယ်လ်အီးဒီဘုတ် အရွယ်အစားနှင့် တစ်နေ့တာအတွင်း စာသားပြောင်းလဲ ရေးထိုးမည့် အကြိမ်ပေါ် မူတည်၍ ကွာခြားမှု ရှိမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ “ဒီဆော့ဖ်ဝဲတွေကို အသုံးပြုပြီးတော့ ဂျီအက်စ်အမ်ဖုန်းကနေ တစ်ဆင့် စာသားတွေကို ပြောင်းလဲနိုင်မှာပါ။ သုံးစွဲသူအနေနဲ့ ကိုယ်ပြောင်းချင်တဲ့ စာသားကို စာတိုပို့စနစ် အသုံးပြု ပြီး ကြော်ငြာဘုတ်မှာ တပ်ဆင်ထားတဲ့ ဆာဗာဆီကို ပို့ရမှာပါ။ ပို့ပြီးတာနဲ့ တစ်ပြိုင်တည်း စာသားက အလို အလျောက် ပြောင်းသွားမှာပါ” ဟု ၄င်းက ပြောသည်။ သို့ရာတွင် အင်္ဂလိပ်ဘာသာဖြင့်သာ စာသားပြောင်းလဲနိုင် ဦးမည် ဖြစ်ပြီး တစ်ကြိမ်လျှင် စာလုံးရေ ၁၆၀ အထိ ပေးပို့နိုင်မည်ဖြစ်သည်။
Home | About Us | Contact Us | Site Map
B- 4, R- 8, Myanmar Info Tech (MICT Park), Hlaing University Campus, Hlaing Tsp, Yangon, Myanmar. Tel : 951-652283, 507153, 507154, 095148626 Fax : 951- 652283 Email : etmsales@etrademyanmar.com , etminfo@etrademyanmar.com
Copyright © 2007 eTrade Myanmar Co., Ltd. All rights reserved.