http://www.etrademyanmar.net

The Official Website of  eTrade Myanmar Co., Ltd.

 

Language  »

Myanmar

English

Our Services

 
 

New Services

 
 

Our Web Portals

 
 

Our Major Client

 
 
 
 
 
Gtalk မှ Mobile များသို့ SMS Message

Our Activities

Click Here

More Activities >>

Press Media

• Etrade Services
• Web2SMS/Email2SMS
• Myanmar Goal
• Our Donation
   
   
   
   

Job Vacancy

(1) Translator
(2) Customer Service 
      Assistant
(3) Computer Operator
(4) Sale Promoter
(5) Marketing Executive
(6) Web Developer

read more
 
 
 
 
 
 

       Gtalk မှ မိုဘိုင်းဖုန်းများသို့ သော်လည်းကောင်း မိုဘိုင်းဖုန်းများမှ Gtalk သို့သော် လည်းကောင်း၊ Text Message များ အပြန်အလှန် ပေးပို့နိုင်သော ၀န်ဆောင်မှုကို အသုံးပြုနိုင်တော့မည်ဟု သိရှိရသည်။
    မိုဘိုင်းဖုန်း ကိုင်ဆောင်သူများသည် မိမိတို့လက်အတွင်းမှ မိုဘိုင်းဖုန်းမှတစ်ဆင့် sms ကိုအသုံးပြုပြီး Gtalk သို့ Message ပေးပို့ခြင်း/ ပြန်လည်၍ ရယူနိုင်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။ ၎င်းဝန်ဆောင်မှု အသုံးပြုလိုသူများတွင် ကိုယ်ပိုင် account များ ဖွင့်ထားပြီးမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။ မကြာမီအချိန်တွင် ပြည်သူများ အသုံးပြုနိုင်ရန် account များ ဖွင့်ပေးသွားမည်ဖြစ်ပြီး ယခုအချိန် စမ်းသပ်ကာလတွင်သာ ရှိသေးကြောင်း သိရှိရသည်။ အသုံးပြုသူများအနေဖြင့် Gtalk ဘက်မှ သော်လည်းကောင်း မိုဘိုင်းဖုန်းကိုင်ဆောင်သူဘက်မှ သော်လည်းကောင်း တစ်ဘက်ဘက်မှ account ဖွင့်ရန် လိုအပ်ပြီး အသင်းဝင်ဈေးနှုန်းများကို eTrade Myanmar မှယခင် web to sms တို့ကဲ့သို့ပင် ကျပ်တစ်သောင်းနှင့် တစ်သောင်းခွဲဟူ၍ eTm Member Code များဝယ်ပြီး အသင်းဝင်နိုင်မည်ဖြစ်ပြီး ပို့သည့် message များပေါ်တွင် မူတည်၍ ကုန်ကျစရိတ်ငွေကို တွက်ချက်ဖြတ်တောက် သွားမည်ဖြစ်ပြီး message တစ်ခုပို့လျှင် 50 ကျပ် သတ်မှတ်ထားကြောင်းသိရသည်။
       “Gtalk“ ကနေမိုဘိုင်းဖုန်း၊ မိုဘိုင်းဖုန်းကနေ Gtalk ကိုပို့မယ်ဆိုရင် ရိုးရှင်းပါတယ်။ Gtalk သုံးသူတွေက gtalk@etmsms.com ကို မိမိရဲ့ Gtalk account ထဲမှာ ထည့်သွင်းထားပြီး အဲ့ဒီအကောင့်ထဲကို sms+space+ ဖုန်းနံပါတ် +space+ မိမိရိုက်လိုသောအကြောင်းအရာ (ဥပမာ-sms 51xxxxx Hello World!)- တွေကို ရိုက်သွင်းပြီး ပို့လိုက်ရင် တစ်ဘက်က မိမိပို့လိုသော ဖုန်းနံပါတ်ကို sms လိုင်းမှရောက်သွားမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းမှ Gtalk သို့ဆိုလျှင်လည်း မိမိဖုန်းရဲ့ message box အတွင်းမှာ စာရိုက်သည့်အခါတွင် +G ပြီးလျှင် မိမိပို့လိုသော gmail လိပ်စာကိုရိုက်ထည့်ပြီး space ခြား၍ (ဥပမာ+gyourid Hello World!)+ ပို့လိုသော အကြောင်းအရာများကို ရိုက်ထည့်ပြီး eTm ၏ သက်ဆိုင်ရာဖုန်းသို့ ပို့လိုက်ပါက မကြာခင်တစ်ဘက် Gtalk သို့ ရောက်သွားမှာ ဖြစ်ပါတယ်” ဟု eTrade Myanmar မှ ကိုရင်ခိုင်မှရှင်းပြသည်။
     “ကိုယ့်ရဲ့ဖုန်းထဲကို နိုင်ငံရပ်ခြားမှ Gtalk ကနေ တဆင့်ပြောချင်တယ် ဆိုရင်လည်း အဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းကနေ message အထွက်ကို ပိုက်ဆံကျခံစရာမလိုဘဲ Gtalk မှဖုန်းသို့အ၀င်ကိုသာ ကုန်ကျစရိတ်ကို ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းဘက်မှ member ဖြစ်ပြီး gtalk ဘက်မှ member မဟုတ်သူများတွင် eTm ရဲ့သက်ဆိုင်ရာဖုန်းသို့ +add gmail account ဆိုပြီး မိမိရဲ့ဖုန်းကနေပြီး sms message လှမ်းပို့ရမှာဖြစ်ပါတယ်။ သို့မှသာ မသိသောအခြားဖုန်းများမှ message များပို့သွားပါက မိမိရဲ့ငွေကြေး balance တွေ အလဟသတ်မဖြစ်နိုင်မှာဖြစ်ပါတယ်။ အကယ်၍ gtalk ဘက်ကကော မိုဘိုင်းဖုန်းဘက်ကပါ member ဆိုရင်တော့ လုပ်စရာမလိုပါဘူး” ဟု ၎င်းမှ ဆက်လက်ရှင်းပြသည်။ မိုဘိုင်းဖုန်းမှ sms မိုဘိုင်းဖုန်းမှ email အစရှိသဖြင့် ပြုလုပ်ခဲ့ရာတွင် ယခုမိုဘိုင်းဖုန်းမှ Gtalk ကိုပို့နိုင်သောစနစ်တစ်ခုကိုလည်း eTrade Myanmar မှထပ်မံပြုလုပ်ပေးသွားမည်ဖြစ်ပြီး မကြာမီတွင် ပြည်သူများအသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

 

Home  |  About Us  |  Contact Us  |  Site Map

B- 4, R- 8, Myanmar Info Tech (MICT Park), Hlaing University Campus, Hlaing Tsp, Yangon, Myanmar.
Tel : 951-652283, 507153, 507154, 095148626
Fax : 951- 652283
Email : etmsales@etrademyanmar.com , etminfo@etrademyanmar.com

Copyright © 2007 eTrade Myanmar Co., Ltd. All rights reserved.